အများယုံကြည်လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့ ...Credible Elections Paving The Way To Democracy
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များကိုသတ်မှတ်ခြင်း
(က) |
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများ အပါအဝင် ပြည်ထောင်စု တစ်ဝန်းလုံးတွင် လွှတ်တော်မဲဆန္ဒနယ် ၃၃၀ ထက်ပိုမို၍ သတ်မှတ် ခြင်းမပြုရ။ |
||||
(ခ) |
မဲဆန္ဒနယ်အရေအတွက် ၃၃၀ ထက် ကျော်လွန်ခြင်း မရှိသေးပါကတစ်မြို့နယ်လျှင် အနည်းဆုံး မဲဆန္ဒနယ် တစ်နယ် သတ်မှတ်ပေးရမည်။ |
||||
(ဂ) |
လွှတ်တော် မဲဆန္ဒနယ် အရေအတွက်သည် ၃၃၀ မပြည့်မီပါက လိုအပ်နေသေးသော မဲဆန္ဒနယ် အရေအတွက်ကို ပြည်ထောင်စု တစ်ဝန်းလုံးရှိ မြို့နယ်များ၏ လူဦးရေအများအနည်း အလိုက် တန်းစီဇယားပြုစု၍ လူဦးရေအများဆုံး မြို့နယ်မှစပြီး တစ်မြို့နယ်လျှင် မဲဆန္ဒနယ် တစ်နယ်စီ ကို လိုအပ်နေသေးသော မဲဆန္ဒနယ်အရေအတွက် ပြည့်သည်အထိ ထပ်ဆောင်းသတ်မှတ် ပေးရမည်။ |
||||
(ဃ) |
မြို့နယ်အသစ်များ ဖွဲ့စည်းခြင်းကြောင့် စုစုပေါင်းမြို့နယ် အရေအတွက်သည် ၃၃၀ ထက် ကျော်လွန်ပါက မဲဆန္ဒနယ် သတ်မှတ်ခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်- |
||||
|
|
||||
(င) |
လွှတ်တော် မဲဆန္ဒနယ် တစ်နယ်အတွင်း ကျရောက်သည့် နယ်မြေ တစ်ခုခုကို ပြည်ထောင်စု နယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ်ထားသော လွှတ်တော် မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ |
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များကိုသတ်မှတ်ခြင်း
(က) |
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် လွှတ်တော်မဲဆန္ဒနယ် ၁၂ နယ်သာ သတ်မှတ် ရမည်။ |
||||||||||||||||
(ခ) |
|
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုတွင် ပါဝင်သော မြို့နယ် အရေအတွက်သည် ၁၂ မြို့နယ်အောက် လျော့နည်းပါက အောက်ပါအတိုင်း သတ်မှတ်ရမည်- |
||||||||||||||||
|
|
|
||||||||||||||||
(ဂ) |
|
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုတွင် ပါဝင်သည့် မြို့နယ် အရေအတွက်သည် ၁၂ မြို့နယ် ထက်ပိုမိုပါက အောက်ပါ အတိုင်း ဆောင်ရွက်ရမည်- |
||||||||||||||||
|
|
|
||||||||||||||||
(ဃ) |
|
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် အောက်ပါအတိုင်း ဆောင်ရွက်ရမည်- |
||||||||||||||||
|
|
|
||||||||||||||||
(င) |
|
လွှတ်တော်သက်တမ်းတစ်ရပ်အတွက် သတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်တစ်နယ် အတွင်း ကျရောက်သည့်နယ်မြေတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည် ဟု မှတ်ယူရမည်။ |
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကို သတ်မှတ်ခြင်း
(က) |
|
မြို့နယ် တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်ပေးရမည်၊ |
(ခ) |
|
မြို့နယ် အတွင်းရှိ မဲဆန္ဒနယ်တစ်နယ်နှင့် တစ်နယ်၏ လူဦးရေကွာဟမှုမကြီးမား စေရ၊ |
(ဂ) |
|
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုကို ပိုင်းခြားစိတ်ဖြာပြီး မဲဆန္ဒနယ်များတွင် ခွဲဝေ ထည့်သွင်းခြင်း မပြုရ၊ |
(ဃ) |
ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ(ဂ) တို့အရ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်ရွေးကောက် တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုး တစ်မျိုးစီ အတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံး ကို မဲဆန္ဒနယ်တစ်နယ်စီအဖြစ် သတ်မှတ်ရမည်။ |