ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (၂၀၁၆)


                ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပြီး ပြည်ထောင်စုအစိုးရအဖွဲ့ ဖွဲ့စည်းပြီးနောက် နိုင်ငံတော်သမ္မတက ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ(က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (င) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်စွဲပါ ကြေညာချက်အမှတ်၊ ၄/၂၀၁၆ ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းပေးခဲ့ပါသည် -

  (၁)  ဦးလှသိန်း  ဥက္ကဋ္ဌ
  (၂) ဦးအောင်မြင့်  အဖွဲ့ဝင်
  (၃)  ဦးစိုးရယ်     အဖွဲ့ဝင်
  (၄)  ဦးထွန်းခင်     အဖွဲ့ဝင်
  (၅)  ဦးလှတင့်     အဖွဲ့ဝင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းမှ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

               နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၁၄ ရက်စွဲပါ အမိန့်အမှတ်၊ ၁၄/၂၀၁၇ ဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည် -

  (၁)    ဦးမြင့်နိုင်      အဖွဲ့ဝင်
  (၂) ဦးသန်းဌေး     အဖွဲ့ဝင်

               ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ထွန်းအား ကျန်းမာရေး အခြေအနေအရ နိုင်ငံဝန်ထမ်းဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ဂ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်း ဥပဒေ ၉၅ (က) (၁) တို့နှင့်အညီ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြောငြာစာအမှတ်၊ ၁/ ၂၀၁၈ ဖြင့် နာမကျန်းပင်စင် ခံစားခွင့် ပြုခဲ့ပါသည်။

             နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်စွဲပါ အမိန့်အမှတ်၊ ၈/၂၀၁၉ ဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည် -      

  (၁)  ဦးညွန့်စိန် အဖွဲ့ဝင်
  (၂)  ဦးသက်ထွန်း အဖွဲ့ဝင်
  (၃) ဦးမြင့်အောင် အဖွဲ့ဝင်
  (၄) ဦးစောဒယ်နီရယ်ကြည် အဖွဲ့ဝင်
  (၅) ဦးအောင်စိုးဝင်း အဖွဲ့ဝင်
  (၆) ဦးသန်းအောင် အဖွဲ့ဝင်
  (၇) ဦးမင်းဆွေ အဖွဲ့ဝင်
  (၈) ဦးဆွေတင့်လွင် အဖွဲ့ဝင်

           ထို့ကြောင့် လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -

  (၁) ဦးလှသိန်း          ဥက္ကဋ္ဌ
  (၂)  ဦးအောင်မြင့်       အဖွဲ့ဝင်
  (၃)  ဦးစိုးရယ်      အဖွဲ့ဝင်
  (၄)  ဦးထွန်းခင်    အဖွဲ့ဝင်
  (၅)  ဦးလှတင့်      အဖွဲ့ဝင်
  (၆)  ဦးမြင့်နိုင်   အဖွဲ့ဝင်
  (၇) ဦးသန်းဌေး   အဖွဲ့ဝင်
  (၈) ဦးညွန့်စိန် အဖွဲ့ဝင်
  (၉) ဦးသက်ထွန်း အဖွဲ့ဝင်
  (၁၀) ဦးမြင့်အောင် အဖွဲ့ဝင်
  (၁၁) ဦးစောဒယ်နီရယ်ကြည် အဖွဲ့ဝင်
  (၁၂) ဦးအောင်စိုးဝင်း အဖွဲ့ဝင်
  (၁၃) ဦးသန်းအောင် အဖွဲ့ဝင်
  (၁၄) ဦးမင်းဆွေ အဖွဲ့ဝင်
  (၁၅) ဦးဆွေတင့်လွင် အဖွဲ့ဝင်

             ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပပေးခဲ့ပြီး လွတ်လပ်၍တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော၊ အများယုံကြည်လက်ခံသော ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပပေးနိုင်ရေးအတွက် မိမိတို့၏ လုပ်ငန်းတာဝန်များကို ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။

ကိုယ်ရေးရာဇဝင်များ

 

 


ရှေ့သို့