ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (၂၀၁၁)


              နိုင်ငံတော်သမ္မတသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (က)၊ ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (င) တို့အရ အောက်ပါပုဂ္ဂိုလ်များ ပါဝင်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ” ကို နိုင်ငံတော်သမ္မတရုံး၏ ၃၀.၃.၂၀၁၁ ရက်စွဲပါ ကြေညာချက်အမှတ် (၅/၂၀၁၁) ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည် -

  (၁)  ဦးတင်အေး   ဥက္ကဋ္ဌ
  (၂) ဦးမြင့်နိုင်   အဖွဲ့ဝင်
  (၃)  ဦးအောင်မြင့်     အဖွဲ့ဝင်
  (၄)  ဦးသာဦး  အဖွဲ့ဝင်
  (၅) ဒေါက်တာဒေါ်မြင့်ကြည်     အဖွဲ့ဝင်
  (၆)  ဦးဝင်းကြည်    အဖွဲ့ဝင်
  (၇)  ဦးညွန့်တင်        အဖွဲ့ဝင်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး အဖြစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုမှ ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါသည်။

                နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသာဦး၏ မိမိဆန္ဒအလျောက် နုတ်ထွက်ခွင့် ပြုပါရန် တင်ပြချက်အရ ၅.၆.၂၀၁၂ ရက်နေ့မှစ၍ ကော်မရှင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခွင့်ပြုကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၅  ရက်စွဲပါ အမိန့်အမှတ် (၁၃/၂၀၁၂) ဖြင့်လည်းကောင်း၊ ဦးဝင်းကိုအား ၂၇.၈.၂၀၁၂ ရက်နေ့မှစ၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်းကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၇ ရက်စွဲပါ အမိန့်အမှတ် (၂၀/၂၀၁၂) ဖြင့်လည်းကောင်း ထုတ်ပြန်ကြေညာခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်ထွန်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ၂၀၁၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်စွဲပါစာအမှတ်၊ ၁၁၈ ( ၁ ) / ၈ / သမ္မတရုံး ဖြင့် အကြောင်းကြားခဲ့ပါသည်။

              နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၈၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၈) နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၃ တို့ပါပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၁၅) ဖြင့် အောက်ဖော်ပြပါပုဂ္ဂိုလ်များအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ အဖြစ် ထပ်မံခန့်အပ်တာဝန်ပေးအပ်ခဲ့ပါသည် -

( ၁ )    ဦးအင်ဇော်နော်

( ၂ )    ဦးစိုင်းခမ်းဝင်း

( ၃ )    ဦးစောဘလှိုင်

( ၄ )    ဦးဟာကီး

( ၅ )    ဒေါက်တာမောင်မောင်ကြည်

( ၆ )    ဦးစိုင်းနွံတောင်း

( ၇ )    ဦးစိုင်းထွန်းသိန်း

( ၈ )    ဒေါက်တာစိုင်းစံဝင်း

ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူး စုစုပေါင်း (၁၆) ဦးမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

  ( ၁ ) ဦးတင်အေး    ဥက္ကဋ္ဌ
  ( ၂ ) ဦးမြင့်နိုင်   အဖွဲ့ဝင်
  ( ၃ ) ဦးအောင်မြင့်        အဖွဲ့ဝင်
  ( ၄ ) ဒေါက်တာဒေါ်မြင့်ကြည်     အဖွဲ့ဝင်
  ( ၅ ) ဦးဝင်းကြည်   အဖွဲ့ဝင်
  ( ၆ ) ဦးညွန့်တင်      အဖွဲ့ဝင်
  ( ၇ ) ဦးဝင်းကို     အဖွဲ့ဝင်
  ( ၈ ) ဦးအင်ဇော်နော်     အဖွဲ့ဝင်
  ( ၉ )  ဦးစိုင်းခမ်းဝင်း    အဖွဲ့ဝင်
  ( ၁၀)  ဦးစောဘလှိုင်   အဖွဲ့ဝင်
  ( ၁၁) ဦးဟာကီး     အဖွဲ့ဝင်
  ( ၁၂) ဒေါက်တာမောင်မောင်ကြည်       အဖွဲ့ဝင်
  ( ၁၃) ဦးစိုင်းနွံတောင်း     အဖွဲ့ဝင်
  ( ၁၄)  ဦးစိုင်းထွန်းသိန်း     အဖွဲ့ဝင်
  ( ၁၅) ဒေါက်တာစိုင်းစံဝင်း   အဖွဲ့ဝင်
  ( ၁၆)  ဦးတင်ထွန်း      အတွင်းရေးမှူး

               ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး နှင့် အဖွဲ့ဝင်များပါဝင်သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့်အညီ အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။


ရှေ့သို့