ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း (၂၀၁၀)


      နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်အတွင်း ပါတီ စုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၄၃ နှင့်အညီ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီ ဥပဒေအမှတ် (၁/၂၀၁၀) ဖြင့် ပြဋ္ဌာန်းထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၃ အရ အောက်ပါပုဂ္ဂိုလ်များပါဝင်သည့် “ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ” ကို ၂၀၁၀ ပြည်နှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါသည် -

  (၁) ဦးသိန်းစိုး ဥက္ကဋ္ဌ
  (၂) ဦးအင်ဇော်နော်        အဖွဲ့ဝင်
  (၃) ဦးခင်မောင်နု    အဖွဲ့ဝင်
  (၄) ဦးစောဘလှိုင်         အဖွဲ့ဝင်
  (၅) ဒေါက်တာ ဘမောင်    အဖွဲ့ဝင်
  (၆) ဦးညွန့်တင်      အဖွဲ့ဝင်
  (၇) ဦးမောင်သာလှ        အဖွဲ့ဝင်
  (၈) ဒေါက်တာစိုင်းခမ်းလှိုင်   အဖွဲ့ဝင်
  (၉) ဦးအောင်မြင့်  အဖွဲ့ဝင်
  (၁၀) ဦးမြင့်နိုင် အဖွဲ့ဝင်
  (၁၁) ဒေါက်တာတင်အောင်အေး အဖွဲ့ဝင်
  (၁၂) ဒေါက်တာဒေါ်မြင့်ကြည် အဖွဲ့ဝင်
  (၁၃) ဒေါ်ခင်လှမြင့် အဖွဲ့ဝင်
  (၁၄) ဦးသာဦး အဖွဲ့ဝင်
  (၁၅) ဒေါက်တာမောင်ထူး အဖွဲ့ဝင်
  (၁၆) ဦးသာဌေး အဖွဲ့ဝင်
  (၁၇) ဦးဝင်းကြည် အဖွဲ့ဝင်

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး အဖြစ် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းကိုအား တာဝန်ပေးအပ်ခဲ့ပါသည်။

            ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါက်တာစိုင်းခမ်းလှိုင်သည် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်အရွေးခံလို၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခွင့်ပြုပါရန် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီသို့တင်ပြခဲ့ရာ ခွင့်ပြုသဖြင့် ဒေါက်တာစိုင်းခမ်းလှိုင်အား ၁၇.၈.၂၀၁၀ ရက်နေ့မှ စ၍ တာဝန်မှ နုတ်ထွက်ခွင့်ပြုကြောင်း ၈.၈.၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၂/၂၀၁၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၄င်းအစား ဦးစိုင်းအောင်မင်းအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ကြောင်း ၂၅.၈.၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၃/၂၀၁၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင်များပါဝင်သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် ၂၀၁၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဥပဒေနှင့် အညီ အောင်မြင်စွာ ကျင်းပပေးခဲ့ပါသည်။


ရှေ့သို့