ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

မဲဆန္ဒနယ်သတ်မှတ်ခြင်း


ပြည်သူ့လွှတ်တော်

၁။

 ကော်မရှင်သည် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် -

  (က)

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များနှင့် ပြည်ထောင်စုနယ်မြေများအပါအဝင် ပြည်ထောင်စုတစ်ဝန်းလုံးတွင် လွှတ်တော်မဲဆန္ဒနယ် ၃၃ဝ ထက်ပိုမို၍ သတ်မှတ် ခြင်းမပြုရ။

  (ခ) မဲဆန္ဒနယ်အရေအတွက် ၃၃ဝ ထက် ကျော်လွန်ခြင်းမရှိသေးပါက တစ်မြို့နယ် လျှင် အနည်းဆုံးမဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်။
  (ဂ) လွှတ်တော်မဲဆန္ဒနယ်အရေအတွက်သည် ၃၃ဝ မပြည့်မီပါက လိုအပ်နေသေး သော မဲဆန္ဒနယ်အရေအတွက်ကို ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ်များ၏ လူဦးရေအများအနည်းအလိုက် တန်းစီဇယားပြုစု၍ လူဦးရေအများဆုံးမြို့နယ်မှ စပြီး တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ်စီကို လိုအပ်နေသေးသော မဲဆန္ဒနယ် အရေအတွက် ပြည့်သည်အထိ ထပ်ဆောင်းသတ်မှတ်ပေးရမည်။
  (ဃ)

မြို့နယ်အသစ်များဖွဲ့စည်းခြင်းကြောင့် စုစုပေါင်းမြို့နယ်အရေအတွက်သည် ၃၃ဝ ထက်ကျော်လွန်ပါက မဲဆန္ဒနယ်သတ်မှတ်ခြင်းကို အောက်ပါအတိုင်း ဆောင်ရွက် ရမည် -

    (၁) မြို့နယ်တစ်ခုအား နှစ်ပိုင်းခွဲခြား၍ မြို့နယ်အသစ်ဖွဲ့စည်းခြင်းဖြစ်လျှင် ယင်းမြို့နယ်အသစ်ကို မူလမြို့နယ်၏ မဲဆန္ဒနယ်အဖြစ် ပူးပေါင်းသတ်မှတ် ခြင်း၊
    (၂)

တစ်ခုထက်ပိုသောမြို့နယ်များမှ နယ်မြေများကို ထုတ်နုတ်၍ မြို့နယ်အသစ် ဖွဲ့စည်းခြင်းဖြစ်လျှင် ယင်းမြို့နယ်များအနက် တစ်ဆက်တစ်စပ်တည်း ရှိပြီး လူဦးရေအနည်းဆုံးရှိသည့် မြို့နယ်နှင့်ပူးပေါင်း၍ မဲဆန္ဒနယ်တစ်ခု အဖြစ် သတ်မှတ်ခြင်း။

  (င)  

လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အတွင်း ကျရောက်သည့်နယ်မြေတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ် ထားသော လွှတ်တော်မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ (ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ )

၂။ (က)

ကော်မရှင်က သတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်သည် လွှတ်တော်သက်တမ်း တစ်ခုအတွက်သာ အတည်ဖြစ်သည်။

  (ခ)

ကော်မရှင်က ပုံမှန်သက်တမ်းတစ်ရပ်အတွက် မဲဆန္ဒနယ်များ သတ်မှတ်ပြီးမှ မြို့နယ်အသစ်ဖွဲ့စည်းခဲ့လျှင် ယင်းမြို့နယ်သည် ထိုပုံမှန်သက်တမ်းအတွက် သတ်မှတ်ထားသည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွင် ပါဝင်သည်ဟု မှတ်ယူရမည်။

  (ဂ)

လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ်များကို ကော်မရှင်က အနည်းဆုံးရက်ပေါင်း ၆ဝ ကြိုတင်၍ သတ်မှတ်ပေးရမည်။ (ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅)

အမျိုးသားလွှတ်တော်

၃။ ကော်မရှင်သည် လွှတ်တော်မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် -
   (က)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ် များကို စုစည်း၍ မဲဆန္ဒနယ်များသတ်မှတ်ပေးရမည်။

  (ခ)

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပါရှိသော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များအတွက် မဲဆန္ဒနယ်တစ်နယ်လျှင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မဲဆန္ဒနယ်များ သတ်မှတ်ရာတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည် -

    (၁)    

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခုစီအတွက် လွှတ်တော်မဲဆန္ဒနယ်တစ်နယ်စီ သတ်မှတ်ပေးရမည်။

    (၂)

ယင်းသို့သတ်မှတ်ပေးပြီးနောက် ကျန်ရှိသောမဲဆန္ဒနယ်များအတွက်  မြို့နယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။

  (ဂ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလျှင် ကျန်လွှတ်တော်ကိုယ်စားလှယ် ၆ ဦးကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မဲဆန္ဒနယ် များကို သတ်မှတ်ပေးရမည်။
  (ဃ)

လွှတ်တော်သက်တမ်းတစ်ရပ်အတွက် သတ်မှတ်ထားသော လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အတွင်း ကျရောက်သည့်နယ်မြေတစ်ခုခုကို ပြည်ထောင်စုနယ်မြေအဖြစ် သတ်မှတ်ပါက ယင်းနယ်မြေသည် မူလသတ်မှတ်ထားသော လွှတ်တော် မဲဆန္ဒနယ်အတွင်း၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။ (အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ )

၄။ (က)

ကော်မရှင်က သတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်များသည် လွှတ်တော် သက်တမ်းတစ်ခုအတွက်သာ အတည်ဖြစ်သည်။

  (ခ) 

ကော်မရှင်က ပုံမှန်သက်တမ်းတစ်ရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ပြီးမှ မြို့နယ်အသစ်ဖွဲ့စည်းခဲ့လျှင် ယင်းမြို့နယ်သည် ထိုပုံမှန်သက်တမ်းအတွက် သတ်မှတ်ထားသည့် မဲဆန္ဒနယ်မြေ၌သာ ပါဝင်သည်ဟု မှတ်ယူရမည်။

  (ဂ)

လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ် များကို ကော်မရှင်က အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရမည်။ (အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅ )

     

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်  

၅။    ကော်မရှင်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုချင်းစီအလိုက် လွှတ်တော် မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် -
 

(က)

လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကျစီကို မဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့် ရွေးကောက်တင်မြှောက်ရန်အတွက် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်တစ်နယ် သတ်မှတ်ပေးရမည်။

  (ခ)

ကျန်လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအတွက် မြို့နယ်တစ်မြို့နယ်လျှင် တစ်ဦးကျဖြင့် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်တင်မြှောက်နိုင်ရန် မြို့နယ်များကိုစုစည်း၍ မဲဆန္ဒနယ်များ သတ်မှတ်ပေးရမည်။

  (ဂ)

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၆၁ ပုဒ်မခွဲ (ခ) နှင့် ပုဒ်မခွဲ (ဂ) တို့အရ တိုင်းရင်း သားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့်ရှိသည့် တိုင်းရင်းသားလူမျိုးတစ်မျိုးစီအတွက် မဲဆန္ဒနယ်သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုလုံးကို မဲဆန္ဒနယ်တစ်နယ်စီအဖြစ် သတ်မှတ်ရမည်။ (တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ )

၆။ (က)

ကော်မရှင်က သတ်မှတ်သော လွှတ်တော်မဲဆန္ဒနယ်သည် လွှတ်တော်သက်တမ်း တစ်ခုအတွက်သာ အတည်ဖြစ်သည်။

  (ခ)

ကော်မရှင်က ပုံမှန်သက်တမ်းတစ်ရပ်အတွက် မဲဆန္ဒနယ်များသတ်မှတ်ပြီးမှ မြို့နယ်အသစ်ဖွဲ့စည်းခဲ့လျှင် ယင်းမြို့နယ်သည် ထိုပုံမှန်သက်တမ်းအတွက် သတ်မှတ်ထားသည့် သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွင် ပါဝင်သည်ဟု မှတ်ယူရ မည်။

  (ဂ)

လွှတ်တော်သက်တမ်းမကုန်ဆုံးမီ နောက်သက်တမ်းတစ်ခုအတွက် မဲဆန္ဒနယ်များကို ကော်မရှင်က အနည်းဆုံးရက်ပေါင်း ၆၀ ကြိုတင်၍ သတ်မှတ်ပေးရမည်။ (တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅ )

 


ရှေ့သို့