စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
၁။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်တို့အတွက် မဲစာရင်းများကို ပုံစံ(၁)ဖြင့်ပြုစုရမည်။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရရှိပြီးသော သို့မဟုတ် ထိုတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရရှိပြီးသော တိုင်းရင်းသားလူမျိုးများမှအပ ကျန်တိုင်းရင်းသားလူမျိုးများအနက် လျော်ကန်သင့်မြတ်သောလူဦးရေဖြစ်သည့် နိုင်ငံတော်ရှိလူဦးရေ စုစုပေါင်း၏ သုညဒသမတစ်ရာခိုင်နှုန်းနှင့်အထက်ရှိကြောင်း ကော်မရှင်က သတ်မှတ်သော တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်(တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်)အတွက် မဲစာရင်းများကို ပုံစံ(၁-က)ဖြင့် ပြုစုရမည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၄)
၂။ မဲစာရင်းပြုစုရာတွင် ကော်မရှင်က သတ်မှတ်သည့် ပုံစံ(၁)၏ ပူးတွဲ(၁)ပါဇယားအတိုင်း ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြုစုထားသည့် လူဦးရေစာရင်း နှင့် ပုံစံ(၁)၏ ပူးတွဲ(၂)ပါဇယားအတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပြုစုထားသည့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ပါ လူဦးရေစာရင်း (မသန်စွမ်းသူများအပါအဝင်) Hard Copy နှင့် Soft Copy တို့ကို ရယူအခြေခံပြီး သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြုစုရမည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၅)
၃။ သက်ဆိုင်ရာ မဲဆန္ဒနယ်များအတွက် မဲစာရင်းများပြုစုရာ၌ မဲစာရင်းတွင် ပါဝင်ခွင့်ရှိသူများ (မသန်စွမ်းသူများအပါအဝင်)၏ အမည်များကို မြန်မာအက္ခရာဖြင့်ရေးသွင်းရမည်။ ယင်းသို့ ရေးသွင်းရာ၌ တိကျမှုမရှိလျှင် အင်္ဂလိပ်အက္ခရာဖြင့်လည်း ကွင်းစကွင်းပိတ်အတွင်း၌ ရေးသွင်း ဖော်ပြနိုင်သည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၆)
၄။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် မဲစာရင်းပြုစုရာတွင် ရွေးကောက်ပွဲစတင်ကျင်းပသည့်နေ့၌ အသက် ၁၈ နှစ်ပြည့်ပြီး ရွေးကောက်ပွဲ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်သော နိုင်ငံသား၊ ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ တိုင်းကို ယင်းတို့ကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်ကတ်ပြား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရလက်မှတ်၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)တို့ဖြင့် တိုက်ဆိုင်စစ်ဆေးပြီး မဲစာရင်းတွင် ထည့်သွင်းပြုစုရမည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၇)
၅။ မဲစာရင်းပြုစုရာတွင် သာသနာ့ဝန်ထမ်း၊ ထောင်ဒဏ်ကျခံနေရသူ၊ စိတ်ပေါ့သွပ်နေသူ၊ လူမွဲအဖြစ်ဆုံးဖြတ်ကြေညာခံထားရခြင်းမှ လွတ်မြောက်ခွင့်မရသေးသူ၊ ရွေးကောက်တင်မြှောက် ခြင်းဆိုင်ရာ ဥပဒေအရ တားမြစ်ခြင်းခံရသူ၊ နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားအဖြစ် ခံယူထားသူများ ပါဝင်ခြင်းမရှိစေရေး အထူးသတိပြု ဆောင်ရွက်ရမည်။ (သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၇)
၆။ ဆန္ဒမဲပေးခွင့်ရှိသည့် တပ်မတော်သားများနှင့် ယင်းတို့၏ အိမ်ထောင်စုဝင်များအတွက် မဲစာရင်းပြုစုရာတွင် အောက်ပါအတိုင်းဆောင်ရွက်ရမည် -
(က) |
မိမိတို့နှင့်သက်ဆိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်း အခြေစိုက် လျက်ရှိသည့် တပ်ရင်းတပ်ဖွဲ့၊ တပ်ဌာနချုပ်များ၌ နေထိုင်ကြသော တပ်မတော် သားများနှင့် ယင်းတို့အိမ်ထောင်စုဝင်များ၏ အမည်များကို သက်ဆိုင်ရာ တပ်မှူး၏ အကူအညီဖြင့် ယင်းတို့ တပ်ရင်းတပ်ဖွဲ့၊ တပ်ဌာနချုပ် တည်ရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမဲစာရင်းတွင် ထည့်သွင်းခြင်း၊ |
|
( ခ ) |
သက်ဆိုင်ရာ တပ်တွင်း၌မနေဘဲ တပ်၏ပြင်ပ၌နေထိုင်ကြသော တပ်မတော် သားများ၊ ယင်းတို့နှင့် အတူနေထိုင်ကြသည့် အိမ်ထောင်စုဝင်များ၏အမည်များကို ယင်းတို့နေထိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမဲစာရင်း၌ ထည့်သွင်းခြင်း။(သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၇) |
၇။ လက်ရှိနေရာတွင် အနည်းဆုံးရက်ပေါင်း ၁၈၀ ထက်မနည်း ရောက်ရှိနေထိုင်ပြီးဖြစ်သော မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များသည် မိမိတို့၏ အမြဲတမ်းနေရပ်သို့သွားရောက်ပြီး မဲပေးလိုခြင်းမရှိပါက မိမိတို့ရောက်ရှိနေသော မဲဆန္ဒနယ်တွင် ရွေးကောက်ခံသော လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲပေးနိုင်ခွင့်ရရှိစေရန်အတွက် မဲစာရင်းထည့်သွင်းခြင်းကို အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ရမည် -
(က) |
ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာ နယ်မြေရှိ လုပ်ငန်းတာဝန်ခံ၏ ထောက်ခံချက်ကို လည်းကောင်း၊ အလုပ်သမားဖြစ်ပါက သက်ဆိုင်ရာ လုပ်ငန်းရှင် သို့မဟုတ် လုပ်ငန်းရှင်ကိုယ်စားလှယ်၏ ထောက်ခံချက်ကိုလည်းကောင်း၊ အခြားပုဂ္ဂိုလ်ဖြစ်ပါက ကိုယ်တိုင်ဝန်ခံချက်ကိုလည်းကောင်း ဖော်ပြ၍ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၏ ထပ်ဆင့်ထောက်ခံချက်ဖြင့် မဲစာရင်း၌ မိမိတို့၏ အမည်ကို ထည့်သွင်းပေးပါရန် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက်နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၃-က)ဖြင့် လျှောက်ထားရမည်။ |
|
(ခ) |
အပိုဒ်ခွဲ(က)အရ လျှောက်ထားသည့်အခါ ယင်းတို့သည် မဲဆန္ဒရှင်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ကိုက်ညီပါက သက်ဆိုင်ရာ မြို့နယ် ကော်မရှင်အဖွဲ့ခွဲက သတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်၍ မဲစာရင်းတွင် အမည်ထည့်သွင်းရမည်။ သတ်မှတ်သည့်ရက်ထက် ကျော်လွန်လျှောက်ထားလာပါက အရေးယူဆောင်ရွက်ခြင်းမပြုရ။ |
|
(ဂ) |
မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် အပိုဒ်ခွဲ(ခ)အရ မဲစာရင်းတွင် အမည်ထည့်သွင်းခံရသူ ၏အမည်ကို အမြဲတမ်းနေရပ်၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းမှ ပယ်ဖျက်နိုင်ရေးအတွက် သက်ဆိုင်ရာ မဲဆန္ဒရှင်၏ နေရင်းဒေသရှိ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ ပုံစံ(၃-ခ)သုံးစောင်ဖြင့် အမြန်ဆုံးဆက်လက်အကြောင်းကြားရမည်။(သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၀) |
၈။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး၏အမည်သည် မြို့နယ်တစ်မြို့နယ်ထက်ပိုသော မဲစာရင်းများ တွင် ပါရှိနေပါက လက်ရှိနေထိုင်ရာ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိသည့် မြို့နယ်၏ မဲစာရင်းဖြင့်သာ ဆန္ဒမဲပေးရမည်။ အခြားမြို့နယ်ရှိ မဲစာရင်းတွင် ပါဝင်နေကြောင်းသိရှိရပါက မိမိ၏အမည်ကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင် အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၄)ဖြင့်လျှောက်ထားရမည်။ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် ယင်းသို့လျှောက်ထားချက်အရဖြစ်စေ၊ မိမိ၏ စိစစ်တွေ့ရှိချက်အရဖြစ်စေ မှန်ကန်ပါက ထိုသူ၏အမည်အား မဲစာရင်းမှပယ်ဖျက်ရမည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄(ဂ)}
၉။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦး၏အမည်သည် မြို့နယ်တစ်ခုအတွင်းတွင်ရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုတစ်ခုထက်ပိုသည့် မဲစာရင်းများတွင်ပါရှိနေပါက လက်ရှိနေထိုင်ရာ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)ရှိသည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ မဲစာရင်းဖြင့် သာဆန္ဒမဲပေးရမည်။ အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုရှိ မဲစာရင်းတွင် ပါဝင်နေကြောင်း သိရှိရပါက မိမိ၏ အမည်ကို ပယ်ဖျက်ပေးရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပုံစံ(၄)ဖြင့်လျှောက်ထားရမည်။ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့လျှောက်ထားချက်အရဖြစ်စေ၊ မိမိ၏စိစစ်တွေ့ရှိချက်အရဖြစ်စေ မှန်ကန်ပါက ထိုသူ၏ အမည်အား မဲစာရင်းမှပယ်ဖျက်ရမည်။ {သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲနည်းဥပဒေ ၁၄(ဃ)}
၁၀။ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတစ်ဦးသည် ဒေသတစ်ခုမှ အခြားဒေသတစ်ခုသို့ ပြောင်းရွှေ့သည့် အခါ မဲစာရင်းတစ်ခုမှ အခြားမဲစာရင်းတစ်ခုသို့ အမည်ပြောင်းရွှေ့လိုလျှင် ၁၉၅၁ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများမှတ်ပုံတင်ရေးနည်းဥပဒေများ၊ နည်းဥပဒေ ၂၆ နည်းဥပဒေခွဲ(၂) နှင့် နည်းဥပဒေ ၂၇ နည်းဥပဒေခွဲ(၁)တို့အရ ထုတ်ပေးသော ပုံစံ(၁၀) သို့မဟုတ် ပုံစံ(၉၀/၁/နငသ) နှင့်အတူ လက်ရှိမဲဆန္ဒနယ်မဲစာရင်း၌ မိမိအမည်ကိုပယ်ဖျက်ရန် ပုံစံ(၄-က)ဖြင့် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်း ရမည်။ ယင်းတင်ပြချက်အတိုင်း မှန်ကန်ကြောင်းတွေ့ရှိလျှင် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲက ခွင့်ပြု၍ ယင်းအမည်ကို မဲစာရင်းမှပယ်ဖျက်ပြီးကြောင်း အထောက်အထားဖြစ်သည့် ပုံစံ(၄-ခ)ကို ထိုသူအားပေးရမည်။ ထိုသူသည် မိမိပြောင်းရွှေ့နေထိုင်သည့် ဒေသ၏မဲစာရင်းတွင် မိမိအမည်ကို ထည့်သွင်းပေးပါရန် ပြောင်းရွှေ့ရောက်ရှိသည့်နေရာ၏ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆)နှင့် ပုံစံ(၄-ခ)တို့ပူးတွဲ၍ တောင်းဆိုလွှာပုံစံ(၃)ကို ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက်နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှတစ်ဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်သွင်းလျှင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲက မဲစာရင်း၌ ထည့်သွင်းပေးရမည်။ ယင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသောဒေသ၌ ထိုသူသည် ဆန္ဒမဲပေးခွင့်ရှိ သည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄(င)}
၁၁။ မဲစာရင်းတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအချို့၏ အမည်များသည် အစုအဝေးအလိုက်ကျန်ရစ်ခဲ့ ကြောင်းတွေ့ရှိလျှင် သက်ဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကော်မရှင်အဖွဲ့ခွဲ သို့မဟုတ် ခရိုင်ကော်မရှင်အဖွဲ့ခွဲက သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ၊ ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စိစစ်အတည် ပြုချက်ဖြင့် ထိုအမည်များကို ရွေးကောက်ပွဲမကျင်းပမီ ၂၁ ရက် ထက်နောက်မကျစေဘဲ မဲစာရင်း တွင် ထည့်သွင်းစေရန် ခွင့်ပြုနိုင်သည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄(က)}
၁၂။ တစ်ဦးတစ်ယောက်၏အမည်သည် မဲစာရင်းတွင် ပါဝင်ခွင့်မရှိဘဲ ပါဝင်နေကြောင်းတွေ့ရှိ လျှင် ထိုအမည်အား မဲစာရင်းမှ ပယ်ဖျက်ခြင်းကို ကော်မရှင်နှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်တို့က ဆောင်ရွက်နိုင်သည်။{သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၁၄(ခ)}
မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ပြုစုခြင်း
၁၃။ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ကျောင်းသားများ၊ သင်တန်းသားများ၊ အချုပ်ခံနေရသူများနှင့် ဆေးရုံတက်ရောက်နေရသော အတွင်းလူနာများ ဖြည့်သွင်းထားသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာ ဌာနအကြီးအမှူးများက မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့လာ သည့်အခါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ(၁၅)များကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲထံ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံများကို မဲစာရင်းပုံစံ(၁)နှင့်တိုက်ဆိုင်စိစစ်၍ ကြိုတင်ဆန္ဒမဲ လက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ စာရင်းကို ပုံစံ(၁-၁)သုံးစောင်ဖြင့် သီးခြားရေးမှတ်ပြီး မိတ္တူတစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့ရမည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၁(ဂ)}
၁၄။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသည် မိမိမြို့နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ မဲစာရင်းပါရှိ သည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏ အမည် စာရင်းရရှိရေးအတွက် သက်ဆိုင်ရာ တပ်မှူးထံသို့ စာဖြင့်တောင်းယူရမည်။ ထိုစာရင်းများ ရရှိသည့်အခါ သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ဆက်လက် ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းစာရင်းများကို မဲစာရင်းပုံစံ(၁)နှင့်တိုက်ဆိုင်စိစစ်၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် တပ်မတော် သားများနှင့် အတူနေအိမ်ထောင်စုဝင်များ၏စာရင်းကို ပုံစံ(၁-၂)နှစ်စောင်ဖြင့် သီးခြားရေးမှတ်ပြီး မိတ္တူတစ်စောင်ကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့ရမည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ ၈၁(ဃ)}
၁၅။ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရသူများ ဖြည့်သွင်းထားသည့် ပုံစံ(၁၅)များကို ၎င်းတို့ရောက်ရှိရာဒေသရှိ သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌက ၎င်းတို့ မူလနေရပ် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့လာသည့်အခါ မြို့နယ် ကော်မရှင်အဖွဲ့ခွဲသည် ယင်းပုံစံ(၁၅)များကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ သည် ယင်းပုံစံများကို မဲစာရင်းပုံစံ(၁)နှင့်တိုက်ဆိုင်စိစစ်၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေး ရမည့် ပြည်တွင်းရှိ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် ယာယီနေရပ်စွန့်ခွာနေရ သူများ၏ စာရင်းကို ပုံစံ(၁-၄)သုံးစောင်ဖြင့် သီးခြားရေးမှတ်ပြီး မိတ္တူတစ်စောင်ကို မြို့နယ် ကော်မရှင်အဖွဲ့ခွဲသို့ပေးပို့ရမည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၁(စ)}
၁၆။ အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင်ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြည့်သွင်းထားသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာ သံရုံး၊ အမြဲတမ်းကိုယ်စားလှယ်ရုံးနှင့် ကောင်စစ် ဝန်ရုံးအကြီးအမှူးများက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ကော်မရှင်သို့ ပေးပို့လာသည့်အခါ ကော်မရှင်သည် ယင်းပုံစံ(၁၅)များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ ပေးပို့ရမည်။ မြို့နယ်ကော်မရှင် အဖွဲ့ခွဲသည် ယင်းပုံစံ(၁၅)များကို သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ဆက်လက်ပေးပို့ရမည်။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲသည် ယင်းပုံစံများကို မဲစာရင်းပုံစံ(၁)နှင့်တိုက်ဆိုင်စိစစ်၍ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးရမည့် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ များ၏ စာရင်းကို ပုံစံ(၁-၃)ငါးစောင်ဖြင့် သီးခြားရေးမှတ်ပြီး မိတ္တူလေးစောင်ကို မြို့နယ်ကော်မရှင် အဖွဲ့ခွဲသို့ပေးပို့ရမည်။ {သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ၈၂(ဂ)}