စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
နိုင်ငံရေးပါတီ တည်ထောင်ခြင်း
ပါတီတည်ထောင်ခွင့် လျှောက်ထားလိုပါက -
၁။ | နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်၍ စည်းရုံးဆောင်ရွက်လိုသည့် ပါတီတည်ထောင်လိုသူ အနည်းဆုံး (၁၅)ဦးသည် မိမိတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပါတီဝင်များကို ဥပဒေနှင့်အညီ စည်းရုံးခွင့်ပြုရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃(က)နှင့်အညီ ကော်မရှင်သို့ လျှောက်ထားရမည်။ | ||
၂။ | နိုင်ငံရေးပါတီ တည်ထောင်လိုသူများသည် ယင်းသို့လျှောက်ထားရာတွင် အောက်ပါတို့ကို တစ်ပါတည်းပြုစု တင်ပြရမည် - | ||
(က) | နိုင်ငံရေးပါတီတစ်ခု တည်ထောင်လိုကြောင်းလျှောက်ထားလွှာ | ||
(၁) | နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(က) (၂)စုံ၊ | ||
(၂) | ပါတီတည်ထောင်လိုသူ၏ ဝန်ခံချက် ပုံစံ (က)၏ပူးတွဲ (၂)စုံ၊ | ||
(၃) | နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၂)စုံ၊ | ||
(ခ) | ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားသူ ကိုယ်တိုင် ကော်မရှင်သို့ လာရောက် တင်သွင်းရမည်။ | ||
(ဂ) | ပုံစံ (က)တွင် အောက်ပါတို့ကို ဖြည့်စွက်ရေးသားရမည် - | ||
(၁) | တည်ထောင်လိုသော ပါတီ၏အမည်။ | ||
(၂) | ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားသူအမည်။ | ||
(၃) | ပါတီတည်ထောင်လိုသူ တစ်ဦးချင်းစီ၏ လက်မှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ။ | ||
(ဃ) | ပုံစံ (က)၏ပူးတွဲတွင် အောက်ပါတို့ကိုဖြည့်စွက်ဖော်ပြရေးသားရမည်- | ||
(၁) | အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာတို့ကို အပြည့်အစုံ ဖော်ပြရမည်။ | ||
(၂) | ကျွန်တော်/ကျွန်မသည် ဤပါတီကို တည်ထောင်၍ စည်းရုံးရန် ဆန္ဒတူညီ လိုလားသူတစ်ဦး ဖြစ်ကြောင်း။ | ||
(၃) | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသူ တစ်ဦးဖြစ်ကြောင်း။ | ||
(၄) | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါပြဋ္ဌာန်းချက်များကိုလည်း စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း။ | ||
(၅) | ယခု တည်ထောင်ရန် လျှောက်ထားသည့် ပါတီတစ်ခုတည်း၌သာ ပါတီဝင် အဖြစ် ပါဝင်မည် ဖြစ်ကြောင်း။ | ||
(၆) | ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုး၍ အမည် ဖော်ပြရပါမည်။ | ||
(င) | လျှောက်လွှာပါ ဖြည့်သွင်းရေးသားချက်များ၊ ပူးတွဲစာရွက်စာတမ်းများပြည့်စုံပါက လျှောက်လွှာကို လက်ခံရရှိကြောင်း လျှောက်ထားသူသို့ ပြန်လည်ပေးအပ်မည်။ | ||
၃။ | ကော်မရှင်သည် လျှောက်လွှာတွင် ဖော်ပြထားသောအချက်များကို ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးပါက - | ||
(က) | ဥပဒေနှင့် ညီညွတ်ကြောင်း တွေ့ရှိပါက နိုင်ငံရေးပါတီအဖြစ် တည်ထောင် ခွင့်ပြုကြောင်းကို ပုံစံ(ခ)ဖြင့် ခွင့်ပြုအကြောင်းပြန်ကြားမည်။ | ||
( ခ) | ဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိပါက ပုံစံ(ဂ)ဖြင့် လျှောက်ထားချက်ကို ငြင်းပယ်မည်။ |
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်း
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် လျှောက်ထားလိုပါက -
၁။ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၅ (က)အရ ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိပါက မိမိတို့အနက်မှ ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယခေါင်းဆောင်တစ်ဦးတို့ကို ရွေးချယ်ပြီး ကော်မရှင်သို့ ပုံစံ (ဃ) ဖြင့် (၂)စုံဖြင့် တင်ပြရမည်။ | |||
၂။ | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၅ (က)အရ ပါတီတည်ထောင်ရန် ခွင့်ပြုချက် ရရှိသည့်နေ့ရက်မှစ၍ ရက်ပေါင်း (၃၀)အတွင်း မိမိတို့တည်ထောင်လိုသောပါတီကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ပေးပါရန် ပုံစံ (င) (၂)စုံနှင့်အတူ ပါတီတည်ထောင်လိုသူများ၏ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့သည် သတ်မှတ်ထားသည့် မှတ်ပုံတင်ကြေး ငွေကျပ် သုံးသိန်းကို ကော်မရှင်က သတ်မှတ်သည့် နည်းလမ်းများအတိုင်း ပေးသွင်း၍ ကိုယ်တိုင်လာရောက် လျှောက်ထားရမည်။ | |||
၃။ | ယင်းသို့လျှောက်ထားရာတွင်- | |||
(က) | နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားလွှာ [နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေပါ ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် ရွေးချယ် တင်ပြခြင်း ပုံစံ (ဃ)နှင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားခြင်း ပုံစံ (င)](၂)စုံနှင့်အတူ ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင် ကိုယ်တိုင် ကော်မရှင်သို့ လာရောက်တင်သွင်းရမည်။ | |||
(ခ) | ပုံစံ (ဃ)တွင် အောက်ပါတို့ကို ဖြည့်စွက်ရေးသားရမည်- | |||
(၁) | တည်ထောင်ခွင့် လျှောက်ထားစဉ်က ပါဝင်သော အဖွဲ့ဝင်အားလုံးက ပါတီ ခေါင်းဆောင်နှင့်် ဒုတိယခေါင်းဆောင်အဖြစ် သဘောတူရွေးချယ်ထားကြောင်း။ (အစည်းအဝေး တက်ရောက်သူများအားလုံး လက်မှတ်ရေးထိုးထားသည့် အစည်းအဝေးမှတ်တမ်းကိုလည်း ပူးတွဲတင်ပြရမည်။) | |||
(၂) | ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့၏ အမည်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်၊ အဘအမည်၊ နေရပ်လိပ်စာတို့ကို ဖော်ပြရမည်။ | |||
(၃) | ပါတီခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့၏ ထိုးမြဲလက်မှတ်နမူနာ များကို အသိအမှတ်ပြုနိုင်ရန် ကော်မရှင်၏ ရှေ့မှောက်တွင် ကိုယ်တိုင် လာရောက် လက်မှတ်ရေးထိုးရမည်။ | |||
(ဂ) | ပုံစံ (င)တွင် အောက်ပါတို့ကိုဖြည့်စွက်ရေးသားရမည်- | |||
(၁) | ကော်မရှင်က မိမိတို့ပါတီအား တည်ထောင်ခွင့်ပြုခဲ့သော ရက်စွဲနှင့် စာအမှတ်။ | |||
(၂) | ပါတီအမည်။ | |||
(၃) | ခေါင်းဆောင်အမည်နှင့် ဒုတိယခေါင်းဆောင်အမည်။ | |||
(၄) | ပါတီတည်ထောင်ခွင့်ပြုသည့် ရက်စွဲ။ | |||
(၅) | ပါတီရုံးချုပ်နေရာနှင့် ဆက်သွယ်ရန်လိပ်စာ။ | |||
(၆) | ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်သည့်အတွက် မှတ်ပုံတင် ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀ ကို စည်းရုံးမည် ဖြစ်ကြောင်း (သို့မဟုတ်) တိုင်းဒေသကြီး/ ပြည်နယ် တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီဖြစ်သည့်အတွက် မှတ်ပုံတင် ခွင့်ပြုသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ ကို စည်းရုံးမည်ဖြစ်ကြောင်း။ | |||
(၇) | ပုံစံ (င)နှင့်အတူ အောက်ပါတို့ကို ပူးတွဲတင်ပြရမည်- | |||
(က) | ပါတီ၏ အလံနှင့် တံဆိပ်(၂)စုံ။ ပါတီ၏ အလံနှင့် တံဆိပ်(၂)စုံ။ (Soft Copy ကို Jpeg ဖြင့် ပြုစုထားသည့် CD (၁)ချပ် ပါရှိရမည်။) | |||
(ခ) | တည်ထောင်လိုသောပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ ပါဝင်သည့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ (၂)စုံ။ တည်ထောင်လိုသောပါတီ၏ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ ပါဝင်သည့် ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ (၂)စုံ။ (Soft Copy ကို Jpeg ဖြင့် ပြုစုထားသည့် CD (၁)ချပ် ပါရှိရမည်။) | |||
(ဂ) | လျှောက်ထားသူခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့၏ အမည်၊ အဘအမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ မွေးသက္ကရာဇ်ကို လည်းကောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ကိုလည်းကောင်း ဖော်ပြရမည်။ | |||
(ဃ) | ခေါင်းဆောင်နှင့် ဒုတိယခေါင်းဆောင်တို့၏ ဓါတ်ပုံ (၂)ပုံစီ ပါရှိရမည်။ | |||
(င) | လျှောက်လွှာပါ ဖြည့်သွင်းရေးသားချက်များ၊ ပူးတွဲများပြည့်စုံပါက လျှောက်လွှာကို လက်ခံရရှိကြောင်း လျှောက်ထားသူသို့ ပြန်လည်ပေးအပ်မည် ဖြစ်ပါသည်။ | |||
၄။ | ကော်မရှင်သည် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားသည့် လျှောက်လွှာကို ဥပဒေနှင့်အညီ စစ်ဆေးပြီးနောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုကြောင်းကို ပုံစံ (စ)ဖြင့်လည်းကောင်း၊ ငြင်းပယ်ပါက ပုံစံ (ဆ)ဖြင့်လည်းကောင်း အကြောင်းပြန်ကြားမည် ဖြစ်ပါသည်။ |
၁။ | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ထားပြီးဖြစ်သော နိုင်ငံရေးပါတီ များသည် ပါတီနှစ်ခု သို့မဟုတ် နှစ်ခုထက်ပိုသော ပါတီများပူးပေါင်းလျက် ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ဖွဲ့စည်းပြီး မှတ်ပုံတင်လိုပါက - | ||
(က) | သက်ဆိုင်ရာပါတီအသီးသီး၏ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကိုယ်တိုင် လက်မှတ်ရေးထိုး၍ ကော်မရှင်သို့ ပါတီပူးပေါင်းခွင့် တင်ပြလျှောက်ထားရမည်။ | ||
(ခ) | အပိုဒ်ခွဲ(က)ပါ လျှောက်လွှာနှင့်အတူ အောက်ပါ စာရွက်စာတမ်းများ ပူးတွဲပါရှိ ရမည် - | ||
(၁) | ပါတီများပူးပေါင်းရန် သဘောတူ ဆုံးဖြတ်ထားသည့် သက်ဆိုင်ရာ ပါတီ အသီးသီး၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် အစည်းအဝေး မှတ်တမ်းများ၊ | ||
(၂) | ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်း၍ မှတ်ပုံတင်ခွင့်ရရှိပါက သက်ဆိုင်ရာ ပါတီ အသီးသီး၏ ပါတီပိုင်ပစ္စည်းများ အားလုံးသည် ပူးပေါင်းတည်ထောင်သည့် ပါတီ၏ ပါတီပိုင်ပစ္စည်းများ ဖြစ်စေရမည်ဟူသော ဝန်ခံချက်များ။ | ||
(ဂ) | ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လျှောက်ထားချက်ကို စိစစ်ပြီး သင့်လျော် သည်ဟု သဘောရရှိပါက ယင်းသို့ပါတီများပူးပေါင်းတည်ထောင်ရန် ခွင့်ပြုကြောင်း သက်ဆိုင်ရာ ပါတီအသီးသီးသို့ အကြောင်းပြန်ကြားမည်။ | ||
(ဃ) | ကော်မရှင်၏ခွင့်ပြုချက်ရရှိပါက ပါတီများပူးပေါင်းဖွဲ့စည်းလိုသူများသည် မိမိတို့ တည်ထောင်လိုသော ပါတီကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်/မှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန်အတွက် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ကော်မရှင်သို့ ထပ်မံ လျှောက်ထားရမည် ဖြစ်ပါသည်။ | ||
(င) | ပါတီများပူးပေါင်းလျက် နိုင်ငံရေးပါတီတစ်ရပ်တည်ထောင်၍ စည်းရုံးဆောင်ရွက် လိုသည့် ပါတီတည်ထောင်လိုသူ အနည်းဆုံး (၁၅)ဦးတို့သည် အောက်ပါတို့နှင့်အတူ ပြန်လည်တင်ပြရမည် - | ||
(၁) | နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေပါ ပုံစံ(က) (၂)စုံ၊ | ||
(၂) | ပါတီတည်ထောင်လိုသူ၏ ဝန်ခံချက် ပုံစံ (က)၏ပူးတွဲ (၂)စုံ၊ | ||
(၃) | နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ (၂)စုံ။ | ||
(စ) | ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားသူ ကိုယ်တိုင် ကော်မရှင်သို့ လာရောက် တင်သွင်းရမည်။ | ||
(ဆ) | ပုံစံ (က)တွင် အောက်ပါတို့ကို ဖြည့်စွက်ရေးသားရမည် - | ||
(၁) | ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းတည်ထောင်လိုသော ပါတီ၏အမည်၊ | ||
(၂) | ကိုယ်စားလှယ်အဖြစ် တာဝန်ပေးအပ်ထားသူအမည်၊ | ||
(၃) | ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းတည်ထောင်လိုသူ တစ်ဦးချင်းစီ၏ လက်မှတ်၊ အမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ်လိပ်စာ။ | ||
(ဇ) |
ပုံစံ (က)၏ပူးတွဲတွင် အောက်ပါတို့ကိုဖြည့်စွက်ဖော်ပြရေးသားရမည်- |
||
(၁) | အမည်၊ အဘအမည်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ်နှင့် နေရပ်လိပ်စာတို့ကို အပြည့်အစုံ ဖော်ပြရမည်၊ | ||
(၂) | ကျွန်တော်/ကျွန်မသည် ဤပါတီကို တည်ထောင်၍ စည်းရုံးရန် ဆန္ဒတူညီ လိုလားသူတစ်ဦး ဖြစ်ကြောင်း၊ | ||
(၃) | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၄ ပါပြဋ္ဌာန်းချက်များနှင့် ကိုက်ညီသူ တစ်ဦးဖြစ်ကြောင်း၊ | ||
(၄) | နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆ ပါပြဋ္ဌာန်းချက်များကိုလည်း စောင့်ထိန်းလိုက်နာမည်ဖြစ်ကြောင်း၊ | ||
(၅) | ယခု တည်ထောင်ရန် လျှောက်ထားသည့် ပါတီတစ်ခုတည်း၌သာ ပါတီဝင် အဖြစ် ပါဝင်မည် ဖြစ်ကြောင်း၊ | ||
(၆) | ဖော်ပြပါ အချက်အလက်များ မှန်ကန်ကြောင်း ဝန်ခံလက်မှတ်ရေးထိုး၍ အမည် ဖော်ပြရပါမည်။ | ||
(စျ) | လျှောက်လွှာပါ ဖြည့်သွင်းရေးသားချက်များ၊ ပူးတွဲစာရွက်စာတမ်းများပြည့်စုံပါက လျှောက်လွှာကို လက်ခံရရှိကြောင်း ပြေစာအား လျှောက်ထားသူသို့ ပြန်လည် ပေးအပ်မည်။ | ||
၂။ | ကော်မရှင်သည် လျှောက်လွှာတွင် ဖော်ပြထားသောအချက်များကို ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ စိစစ်ပြီးပါက - | ||
(က) | ဥပဒေနှင့် ညီညွတ်ကြောင်း တွေ့ရှိပါက နိုင်ငံရေးပါတီအဖြစ် တည်ထောင် ခွင့်ပြုကြောင်းကို ပုံစံ(ခ)ဖြင့် ခွင့်ပြုအကြောင်းပြန်ကြားမည်။ | ||
(ခ) | ဥပဒေနှင့် ညီညွတ်ခြင်းမရှိကြောင်း တွေ့ရှိပါက ပုံစံ(ဂ)ဖြင့် လျှောက်ထားချက်ကို ငြင်းပယ်မည်။ | ||
၃။ | ပါတီတစ်ခုတည်းအဖြစ် ပူးပေါင်းတည်ထောင်ခွင့် လျှောက်ထားချက်ကို ခွင့်ပြုကြောင်း ကော်မရှင်၏ အကြောင်းပြန်ကြားချက်ကို ရရှိပါက ပူးပေါင်းဖွဲ့စည်းမှတ်ပုံတင်မည့် ပါတီသည် ပုဒ်မ ၅ ပါ ပြဋ္ဌာန်းချက်များအတိုင်း ကော်မရှင်သို့ ပါတီမှတ်ပုံတင်ခွင့် ထပ်မံလျှောက်ထားရမည်။ သို့ရာတွင် နည်းဥပဒေ ၇(ခ)ပါ မှတ်ပုံတင်ကြေး ကျပ်သုံးသိန်းကို ထပ်မံ ပေးသွင်းရန် မလိုပါ။ | ||
၄။ | လျှောက်ထားချက်ကို ကော်မရှင်က စိစစ်ပြီး လျှောက်ထားသည့်အတိုင်း ပါတီတစ်ခုတည်း အဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်အခါ သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ ယခင်မှတ်ပုံတင်ထားခြင်းကို အလိုအလျောက် ပယ်ဖျက်ပြီးဖြစ်သည်ဟု မှတ်ယူရမည်။ | ||
၅။ | ပါတီများ ပူးပေါင်းဖွဲ့စည်း မှတ်ပုံတင်သည့်ကိစ္စတွင် ယခင် ပယ်ဖျက်လိုက်သည့် သက်ဆိုင်ရာ ပါတီအသီးသီး၏ ပါတီပိုင်ပစ္စည်းများကို ပူးပေါင်းဖွဲ့စည်းလိုက်သည့် ပါတီက ဆက်ခံခွင့်ရှိသည်။ | ||
၆။ | အလိုအလျောက် ပယ်ဖျက်လိုက်သည့် ပါတီတစ်ခုခုကို ကိုယ်စားပြု၍ ရွေးကောက် တင်မြှောက်ခြင်းခံထားရသော လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးသည် ယင်းတို့ ပူးပေါင်းဖွဲ့စည်း မှတ်ပုံတင်လိုက်သည့် နိုင်ငံရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်ဟု မှတ်ယူရမည်။ | ||
ခြွင်းချက်။ | တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်အဖြစ်သာ ရပ်တည်လိုကြောင်း ဆန္ဒရှိပါက ထိုသို့ရပ်တည်လိုကြောင်း ကော်မရှင်သို့ တင်ပြဆောင်ရွက် နိုင်သည်။ | ||
၇။ | ကော်မရှင်သည် မှတ်ပုံတင်ခွင့်ပြုသည့် နိုင်ငံရေးပါတီ၏ အမည်စာရင်းနှင့် ပါတီတစ်ခုတည်း အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်သည့်အတွက် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပြီး နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သည့် ပါတီများ၏ အမည်စာရင်းများကို ကြေညာချက် ထုတ်ပြန်မည်။ |
ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း/နိုင်ငံရေးဝါဒသဘောတရားကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း (သို့မဟုတ်) အသစ်ရေးဆွဲ လိုပါက ဆောင်ရွက်ရန် အချက်အလက်များ
၁။ | နိုင်ငံရေးပါတီများ၏ ဖွဲ့စည်းပုံစည်းမျဉ်း/ နိုင်ငံရေးဝါဒသဘောတရားကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ အစားထိုးခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်း ဆောင်ရွက်ပါက လျှောက်လွှာနှင့် အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲလျက် ကော်မရှင်သို့ တင်ပြလျှောက်ထားရမည် - | |
(က) | ပြင်ဆင်/ဖြည့်စွက်/အစားထိုးခြင်း (သို့) အသစ်ရေးဆွဲထားသော ဖွဲ့စည်းပုံစည်းမျဉ်း/နိုင်ငံရေးဝါဒသဘောတရား Soft Copy နှင့် Hard Copy (၂)စုံ။ | |
(ခ) | ဖွဲ့စည်းပုံစည်းမျဉ်း/ နိုင်ငံရေးဝါဒသဘောတရားကို ပြင်ဆင်/ ဖြည့်စွက်/ အစား ထိုးခြင်း (သို့မဟုတ်) အသစ်ရေးဆွဲခြင်းတို့အတွက် ယခင်နှင့် ယခု ကွဲပြားခြားနား ချက်ကို နှိုင်းယှဉ်ချက်ဇယားဖြင့် ရေးသွင်းပြီး ကွဲလွဲချက်အား သိသာထင်ရှား ဖော်ပြထားသည့် တင်ပြချက်။ | |
(ဂ) | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း အပြည့် အစုံနှင့် အစည်းအဝေး တက်ရောက်သူများအားလုံးက သဘောတူလက်မှတ်ရေးထိုး ထားသည့် မှတ်တမ်း။ | |
၂။ | သက်ဆိုင်ရာပါတီမှ ပြင်ဆင်/ ဖြည့်စွက်/ အစားထိုး(သို့) အသစ်ရေးဆွဲထားသည့် တင်ပြချက်များကို ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ ခွင့်ပြုပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ |
စည်းရုံးမည့်ဒေသ ပြောင်းလဲမှတ်ပုံတင်လိုပါက ဆောင်ရွက်ရန် အချက်အလက်များ
၁။ | ပါတီတစ်ခုသည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင်ဖြစ်စေ၊ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီအဖြစ် မှတ်ပုံတင်ထားပြီးမှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီအဖြစ် ပြောင်းလဲ မှတ်ပုံတင်လိုလျှင်ဖြစ်စေ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲလျက် ကော်မရှင်သို့ တင်ပြလျှောက်ထားရမည် - | |
(က) | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း အပြည့် အစုံနှင့် အစည်းအဝေး တက်ရောက်သူများအားလုံးက သဘောတူလက်မှတ်ရေးထိုး ထားသည့် မှတ်တမ်း။ | |
(ခ) | နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးပါရန် လျှောက်ထားသည့် ပုံစံ(င)နှစ်စုံ၊ | |
(ဂ) |
ပထမခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်တို့၏ ကိုယ်ရေးအကျဉ်း၊ |
|
(ဃ) | ပါတီဖွဲ့စည်းပုံစည်းမျဉ်း Soft Copy နှင့် Hard Copy (၂)စုံ၊ | |
(င) | ပါတီအလံနှင့်တံဆိပ် Soft Copy နှင့် Hard Copy (၂)စုံ၊ | |
(စ) | လက်ရှိ စည်းရုံးရရှိထားသော ပါတီဝင်အင်အားစာရင်း မူရင်း(၁)စုံနှင့် မိတ္တူ (၁)စုံ။ | |
၂။ | သက်ဆိုင်ရာပါတီမှ တင်ပြချက်များကို ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ ခွင့်ပြုပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ |
ပါတီအမည်၊ အလံနှင့်တံဆိပ်တို့အား ပြောင်းလဲလျှောက်ထားလိုပါက ဆောင်ရွက်ရန် အချက်အလက်များ
၁။ |
ပါတီအမည်၊ အလံနှင့် တံဆိပ်တို့အား ပြောင်းလဲလျှောက်ထားလိုပါက လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲလျက် ကော်မရှင်သို့ တင်ပြလျှောက်ထားရမည် - |
|
(က) | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း အပြည့် အစုံနှင့် အစည်းအဝေး တက်ရောက်သူများအားလုံးက သဘောတူလက်မှတ်ရေးထိုး ထားသည့် မှတ်တမ်း။ | |
(ခ) | ပါတီအလံနှင့် တံဆိပ် Soft Copy နှင့် Hard Copy (၂)စုံ။ | |
၂။ | ပြောင်းလဲလျှောက်ထားလာသည့် ပါတီအမည်၊ အလံနှင့် တံဆိပ်တို့အား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၈ နှင့် နည်းဥပဒေ ၁၄ တို့တွင် ပြဋ္ဌာန်းထားသော အချက်များနှင့် ငြိစွန်းခြင်း ရှိ/မရှိကို စိစစ်ခြင်း၊ အများပြည်သူသိရှိစေရန် ကန့်ကွက်နိုင်ကြောင်း ကြေညာခြင်းအား နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်းကြေညာခြင်းများကို ဆောင်ရွက်မည် ဖြစ်ပါသည်။ | |
၃။ | သက်ဆိုင်ရာပါတီမှ တင်ပြချက်များကို ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ ခွင့်ပြုပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ |
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ နာယက/ ဥက္ကဋ္ဌ/ အဖွဲ့ဝင်များ အသစ်လျှောက်ထား/ ပြောင်းလဲလိုပါက ဆောင်ရွက်ရန် အချက်အလက်များ
၁။ | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ နာယက/ ဥက္ကဋ္ဌ/ အဖွဲ့ဝင်များ အသစ်လျှောက်ထား/ ပြောင်းလဲလိုပါက လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများကို ပူးတွဲလျက် ကော်မရှင်သို့ တင်ပြလျှောက်ထားရမည် - | |
(က) | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှတ်တမ်း အပြည့် အစုံနှင့် အစည်းအဝေး တက်ရောက်သူများအားလုံးက သဘောတူလက်မှတ်ရေးထိုး ထားသည့် မှတ်တမ်း။ | |
(ခ) | ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ကိုယ်ရေးမှတ်တမ်းအကျဉ်းချုပ်နှင့်အတူ ဓါတ်ပုံပါ ပူးတွဲလျက် (၂)စုံ။ (ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ သတ်မှတ်ပုံစံ အတိုင်း တင်ပြရန်။) | |
(ဂ) | နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ (၂)စုံ။ | |
၂။ | သက်ဆိုင်ရာပါတီမှ တင်ပြချက်များကို ကော်မရှင်က နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်၍ ခွင့်ပြုပြီးမှသာလျှင် ဆက်လက်ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ |