စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၇၈ / ၂၀၂၀ )
၁၃၈၁ ခုနှစ် ၊ တန်ခူးလဆန်း ၁၀ ရက်
( ၂၀၂၀ ပြည့်နှစ် ၊ ဧပြီလ ၂ ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ ကို မှတ်ပုံတင်အမှတ် (၁၀)၊ ၂၁-၅-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၄၇/၂၀၁၀) ဖြင့်လည်းကောင်း၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ ကို မှတ်ပုံတင်အမှတ် (၂၉)၊ ၂-၆-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၆၉/၂၀၁၀) ဖြင့်လည်းကောင်း၊ ‘ဝ’လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ ကို မှတ်ပုံတင်အမှတ် (၁၀၁)၊ ၁၈-၁၁-၂၀၁၆ ရက်စွဲပါ ကြေညာချက်အမှတ် (၃၁/၂၀၁၆) ဖြင့်လည်းကောင်း နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
၂။ ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် ‘ဝ’အမျိုးသားပါတီ (WA NATIONAL PARTY) အဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်ထားခဲ့ရာ ကော်မရှင်က လိုအပ်သလို စိစစ်ပြီး ‘ဝ’အမျိုးသားပါတီ (WA NATIONAL PARTY)ကို မှတ်ပုံတင်အမှတ် (၁၂၈)၊ ၂-၄-၂၀၂၀ ရက်စွဲပါ ကြေညာချက်အမှတ် (၇၇/၂၀၂၀)ဖြင့် မှတ်ပုံတင်ခွင့်ပြုပါသည်။ ထိုသို့ မှတ်ပုံတင်ခွင့်ပြုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၂၅ အရ ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းရမည်ဖြစ်ပါသည်။ ထိုသို့ ဖျက်သိမ်းလိုက်သော ပါတီများ၏ ပါတီတစ်ခုချင်းစီပိုင် ပါတီပိုင်ပစ္စည်းများအားလုံးကို ‘ဝ’အမျိုးသားပါတီ (WA NATIONAL PARTY) ပိုင်ပစ္စည်းများအဖြစ် စာရင်းပြောင်း လက်ခံရယူဆောင်ရွက်သွားရမည်ဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီ တို့ကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။
( လှသိန်း )
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်