ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း


05 May 2023 : 01:37:23

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၅ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ကဆုန်လပြည့်ကျော်   ၁   ရက်

( ၂၀၂၃ ခုနှစ် ၊ မေလ   ၄   ရက် )

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဈေးပိုင်းရပ်ကွက်၊ အနောက်မြို့ပတ်လမ်း၊ အမှတ်(၁၈) တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ကို ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်နေ့ မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ မှတ်ပုံတင်အမှတ်မှာ ( ၁၀ ) ဖြစ်ပါသည်။

 

                                     

(ပုံ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့