ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း


12 July 2019 : 07:00:05

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၂၁ / ၂၀၁၉ )

၁၃၈၁ ခုနှစ် ၊ ဝါဆိုလဆန်း  ၁၀   ရက်

( ၂၀၁၉  ခုနှစ် ၊ ဇူလိုင်လ  ၁၁  ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ကို မှတ်ပုံတင်အမှတ် (၁၃)၊ ၂၄-၅-၂၀၁၀ ရက်စွဲပါ ကြေညာချက်အမှတ် (၅၁/၂၀၁၀) ဖြင့် လည်းကောင်း၊  မွန်အမျိုးသားပါတီ ( Mon National Party )ကို   မှတ်ပုံတင်အမှတ် (၅၈)၊  ၁၀-၇-၂၀၁၂  ရက်စွဲပါ ကြေညာချက်အမှတ် (၃၄/၂၀၁၂) ဖြင့်လည်းကောင်း  နိုင်ငံရေးပါတီများအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ ပါသည်။

၂။            မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့် မွန်အမျိုးသားပါတီ ( Mon National Party )တို့ ပူးပေါင်း၍ ပါတီတစ်ခုတည်းအဖြစ် ဖွဲ့စည်းပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) အဖြစ် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်ထားခဲ့ရာ ကော်မရှင်က လိုအပ်သလို စိစစ်ပြီး မွန်ညီညွတ်ရေးပါတီ ( Mon Unity Party )ကို မှတ်ပုံတင်အမှတ် (၁၁၇)၊ ၁၁-၇-၂၀၁၉ ရက်စွဲပါ ကြေညာချက်အမှတ်(၁၂၀/၂၀၁၉)ဖြင့် မှတ်ပုံတင်ခွင့်ပြုပါသည်။ ထိုသို့ မှတ်ပုံတင်ခွင့်ပြုခဲ့သည့်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  နည်းဥပဒေ ၂၅ အရ  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ  နှင့်  မွန်အမျိုးသားပါတီ ( Mon National Party )တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီများကို ဖျက်သိမ်းရမည် ဖြစ်ပါသည်။ ထိုသို့ ဖျက်သိမ်းလိုက်သော ပါတီများ၏ ပါတီတစ်ခုချင်းစီပိုင် ပါတီပိုင် ပစ္စည်းများအားလုံးကို  မွန်ညီညွတ်ရေးပါတီ ( Mon Unity Party ) ပိုင်ပစ္စည်းများအဖြစ် စာရင်းပြောင်း လက်ခံရယူဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

၃။           သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ နှင့်  မွန်အမျိုးသားပါတီ    ( Mon National Party ) တို့ကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ပယ်ဖျက်၍ ပါတီကိုလည်း ဖျက်သိမ်းကြောင်း ကြေညာလိုက်သည်။

 

( လှသိန်း )

 ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့