ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကချင်အမျိုးသားပါတီ (Kachin National Party) ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း


04 February 2020 : 03:05:32

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၄၃ / ၂၀၂၀ )

၁၃၈၁ ခုနှစ် ၊ တပို့တွဲလဆန်း  ၁၀  ရက်

( ၂၀၂၀  ပြည့်နှစ် ၊ ဖေဖော်ဝါရီလ  ၃  ရက် )

ကချင်အမျိုးသားပါတီ (Kachin National Party) ကို နိုင်ငံရေးပါတီအဖြစ်

မှတ်ပုံတင်ခွင့်ပြုခြင်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အေးချမ်းသာယာလမ်းသွယ်(၂)၊ နယ်မြေ(၇)၊ အိမ်အမှတ် (၁၈၈)တွင်  ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  ကချင်အမျိုးသားပါတီ (Kachin National Party) ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

ကချင်အမျိုးသားပါတီ (Kachin National Party) ၏ မှတ်ပုံတင်အမှတ်သည် (၁၂၅) ဖြစ်ပါသည်။

 

                                     

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့