စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၅၆ / ၂၀၂၀ )
၁၃၈၁ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက်
( ၂၀၂၀ ပြည့်နှစ် ၊ ဖေဖော်ဝါရီလ ၂၀ ရက် )
နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍
ပါတီအား ဖျက်သိမ်းခြင်း
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ ကို မှတ်ပုံတင်အမှတ် (၉၁)၊ ၂-၇-၂၀၁၅ ရက်စွဲပါ ကြေညာချက်အမှတ် (၂၆/၂၀၁၅) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။
၂။ ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ၏ ၉-၁-၂၀၂၀ ရက်စွဲပါ စာအမှတ်၊ ၀၀၁ / က - ၂ / ၂၀၂၀ ဖြင့် နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းခွင့်ပြုပါရန် တင်ပြချက်နှင့် စပ်လျဉ်း၍ ၂၀-၂-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၀)တွင် တင်ပြဆွေးနွေးခဲ့ပြီး နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၉ (က) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ထားသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက်တစ်ပါတီ ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။
( လှသိန်း )
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်