စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ် ( ၁၁၁ / ၂၀၂၀)
၁၃၈၂ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၉ ရက်)
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေ ပုဒ်မ ၁၀ (ဃ) နှင့် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ တို့အရ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုတစ်ဝန်းလုံးရှိ မြို့နယ် ၃၃၀ ကို ပူးတွဲပါဇယားအတိုင်း တစ်မြို့နယ်လျှင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် တစ်နယ်အဖြစ် သတ်မှတ်ကြေညာလိုက်သည်။
ပူးတွဲ- ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၃၃၀) နယ်
(လှသိန်း)
ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်