ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၃၉ / ၂၀၂၀ )


30 July 2020 : 04:37:32

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၁၃၉ / ၂၀၂၀ )

၁၃၈၂ ခုနှစ် ၊ ဒုတိယဝါဆိုလဆန်း   ၄   ရက်

( ၂၀၂၀ ပြည့်နှစ် ၊ ဇူလိုင်လ   ၂၃   ရက် )

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းကို ပယ်ဖျက်၍

ပါတီအား ဖျက်သိမ်းခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပြည်သူ့ဒီမိုကရေစီပါတီ (People Democracy Party) ကို မှတ်ပုံတင်အမှတ် (၄၃)၊ ၂၃-၉-၂၀၁၁ ရက်စွဲပါ ကြေညာချက်အမှတ် (၄၉/၂၀၁၁) ဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခဲ့ပါသည်။

၂။         ပြည်သူ့ဒီမိုကရေစီပါတီ (People Democracy Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းအား ၁၈-၇-၂၀၁၇ ရက်နေ့မှ ၁၇-၇-၂၀၂၀ ရက်နေ့အထိ ၃ နှစ် ယာယီရပ်ဆိုင်း၍ ပါတီတွင်းကိစ္စရပ်များအား ပြေလည်အောင် ဖြေရှင်းဆောင်ရွက်သွားရန် နိုင်ငံရေးပါတီများမှတ်ပုံ တင်ခြင်းဥပဒေ ပုဒ်မ ၂၄(ဂ)နှင့်အညီ ညွှန်ကြားခဲ့ပါသည်။ သို့ရာတွင် ရပ်ဆိုင်းထားသည့်ကာလ ကုန်ဆုံးသည်အထိ ပါတီတွင်းကိစ္စရပ်များအား ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ခြင်းမရှိသည့်အပြင် ပါတီဖွဲ့စည်းပုံစည်းမျဉ်းနှင့်အညီ ပါတီဥက္ကဋ္ဌတစ်ဦးအား ပါတီညီလာခံကျင်းပပြုလုပ်၍ ရွေးချယ်တင်မြှောက်ခြင်းတို့ကို ကော်မရှင်က ညွှန်ကြားသည့်အတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ကြောင်း စိစစ်တွေ့ရှိရပါသဖြင့် ၂၃-၇-၂၀၂၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီလုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂၄/၂၀၂၀)၌ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(င)အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်။

၃။           သို့ဖြစ်ပါ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားသည့် ပြည်သူ့ဒီမိုကရေစီပါတီ (People Democracy Party) ကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ မှစ၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်၍ ပါတီအား ဖျက်သိမ်းလိုက်သည်။

 

                                     

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့