စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှု၊ ဖြည့်စွက်မှုများအရ ထပ်မံစိစစ်ပြုစုထားသည့် မဲဆန္ဒရှင်စာရင်းများကို ၁-၁၀-၂၀၂၀ ရက်နေ့မှ ၁၄-၁၀-၂၀၂၀ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာအတွင်းရှိ ကျေးရွာများတွင် နောက်ဆုံးအကြိမ် (နောက်ဆုံးအကြိမ်) အဖြစ် ၁၄ ရက်ကြာ ထပ်မံကပ်ထား ကြေညာလျက်ရှိပါသည်။
၂။ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်နိုင်စေရေးအတွက် ပြည်သူများအား နေအိမ်တွင်သာ နေထိုင်စေရေးနှင့် အကြောင်းတစ်စုံတစ်ရာမရှိဘဲ နေအိမ်မှထွက်ခွာသွားလာမှုများအား တားမြစ်ထားသည့် ကာလလည်းဖြစ်ပါသည်။
၃။ သို့ဖြစ်ပါ၍ အချိန်ကာလ/နေရာဒေသအလိုက် ထုတ်ပြန်သည့် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိသော မဲဆန္ဒရှင်များအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၄-၉-၂၀၂၀ ရက်နေ့အထိ ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် Web Application ဖြစ်သော findyourpollingstation.uec.gov.mm တွင် မဲစာရင်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ကြောင်းနှင့် Mobile application ဖြစ်သည့် findyourpollingstation.apk ကို Google Play Store တွင် Download ရယူပြီး မိမိတို့၏ အမည် မဲစာရင်းတွင် ပါ/မပါ စစ်ဆေးနိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးထားပြီးဖြစ်ပါသည်။
၄။ သို့ရာတွင် မဲဆန္ဒရှင်များအနေဖြင့် မဲဆန္ဒရှင်စာရင်းများ စစ်ဆေးရှာဖွေရာတွင် ဝင်ရောက်ကြည့်ရှုရှာဖွေသူများပြားသဖြင့် ကြန့်ကြာမှုများကြုံတွေ့နေကြရကြောင်း သိရှိရသည့်အတွက် ယခုအခါပိုမိုလွယ်ကူအဆင်ပြေစေရန်ရည်ရွယ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်းစီအလိုက် ပြုစုထားသော မဲဆန္ဒရှင်စာရင်းများကို ထည့်သွင်းထားသည့် အောက်ဖော်ပြပါ Web Application များတွင် ဝင်ရောက်ကြည့်ရှုစစ်ဆေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်-
( က ) |
ကချင်ပြည်နယ် |
||
( ခ ) |
ကယားပြည်နယ် |
||
( ဂ ) |
ကရင်ပြည်နယ် |
||
( ဃ ) |
ချင်းပြည်နယ် |
||
( င ) |
စစ်ကိုင်းတိုင်းဒေသကြီး |
||
( စ ) |
တနင်္သာရီတိုင်းဒေသကြီး |
||
( ဆ ) |
ပဲခူးတိုင်းဒေသကြီး |
||
( ဇ ) |
မကွေးတိုင်းဒေသကြီး |
||
( ဈ ) |
မန္တလေးတိုင်းဒေသကြီး |
||
( ည ) |
မွန်ပြည်နယ် |
||
( ဋ ) |
ရခိုင်ပြည်နယ် |
||
( ဌ ) |
ရန်ကုန်တိုင်းဒေသကြီး |
||
( ဍ ) |
ရှမ်းပြည်နယ် |
||
( ဎ ) |
ဧရာဝတီတိုင်းဒေသကြီး |
||
( ဏ ) |
ပြည်ထောင်စုနယ်မြေ |
၅။ Web Application အသုံးပြု၍ မဲစာရင်းရှာဖွေခြင်း ရှင်းလင်းချက်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် Web application နှင့် UEC Facebook စာမျက်နှာတို့တွင် ဖော်ပြပေးထားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်