ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

လွှတ်တော်ရွေးကောက်ပွဲဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူထားကြောင်း အသိပေးကြေညာခြင်း


03 November 2020 : 08:06:09

၁။          ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ စီးပွားချောင်ကျေးရွာအုပ်စု၊ ရှော်ချောင်းကျေးရွာနေ အလယ်တန်းပြဆရာမ ဒေါ်မိုးမြတ်သူဇာသည် ၃၀-၁၀-၂၀၂၀ ရက်နေ့၌ စီးပွားချောင်ကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲတစ်ကြိမ်ပေးခဲ့ပြီး၊ ၃၁-၁၀-၂၀၂၀ ရက်နေ့၌ မယ်တလိုင်းကျေးရွာအုပ်စုတွင် ကြိုတင်ဆန္ဒမဲနောက်တစ်ကြိမ် ထပ်မံပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၂။       ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက် မဲရုံအမှတ်(၂)တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခင်မောင်စိုး၏ မဲရုံကိုယ်စားလှယ် ဒေါ်အေးမာဝင်း (ခ) မပဲပြားမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားခြင်းမဟုတ်သည့် အမှန်ခြစ်တံဆိပ်တုံးကို ပေးအပ်ခဲ့ပြီး ဒုတိယမဲရုံမှူး ဒေါ်တင်တင်ဝင်းမှ  အဆိုပါတံဆိပ်တုံးအား ယူဆောင်လျက် မဲဆန္ဒရှင် (၃) ဦးတို့ကို ဆန္ဒပြုစေခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

၃။           အထက်ဖော်ပြပါဖြစ်စဉ်များကို ကျူးလွန်ခဲ့သည့်ကြိုတင်ဆန္ဒမဲနှစ်ကြိမ်ပေးခဲ့သူ ဒေါ်မိုးမြတ်သူဇာနှင့် အမှန်ခြစ်တံဆိပ်တုံးအတုယူဆောင်ပေးအပ်ခဲ့သူ ဒေါ်အေးမာဝင်း (ခ) မပဲပြားတို့ကို သက်ဆိုင်ရာက လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၅၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း အသိပေးကြေညာအပ်ပါသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့