ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း


29 June 2020 : 08:03:26

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် (၁၁၃ / ၂၀၂၀)

၁၃၈၂ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၀ရက်

( ၂၀၂၀ပြည့်နှစ်၊ဇွန်လ ၂၉ရက် )

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်များသတ်မှတ်ကြေညာခြင်း

       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေပုဒ်မ ၁၀ (ဃ)နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၄ တို့အရ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်ပြည်ထောင်စုတစ်ဝန်းလုံးရှိတိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ်နှစ်နယ်စီကိုပူးတွဲပါဇယားအတိုင်းတိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များအဖြစ် သတ်မှတ်ကြေညာလိုက်သည်။

ပူးတွဲ-      တိုင်းဒေသကြီးလွှတ်တော်သို့မဟုတ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်  (၆၄၄) နယ်

             

( လှသိန်း )

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်


ရှေ့သို့