စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းပြီး ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ကျင်းပပြုလုပ်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန်
၁။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ ဝင်းရပ် (၃)ကွက်၊ ဖောင်တော်ဆိပ်လမ်းတွင် ပါတီရုံးချုပ်တည်ရှိသော အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)သည် ယင်းပါတီ၏ အလံနှင့် တံဆိပ်တို့ကို ဖော်ပြပါအတိုင်း ပြောင်းလဲအသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ တင်ပြလာပါသည်။
၂။ သို့ဖြစ်ပါ၍ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)က ပြောင်းလဲအသုံးပြုမည့် ဖော်ပြပါ ပါတီအလံနှင့် တံဆိပ်တို့ကို ကန့်ကွက်လိုက ယခု ကြေညာသည့်နေ့မှစ၍ (၇)ရက်အတွင်း ခိုင်လုံသောအထောက်အထားများဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ကန့်ကွက်နိုင်ပါကြောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေ ၁၄ (ဃ) အရ အများသိစေရန် ကြေညာအပ်ပါသည်။
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)၏ အလံပုံစံ
အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ (Inn National League Party)၏ တံဆိပ်ပုံစံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်